ပေါင်းတည်၌ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သစ်တောဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဟောပြောပွဲနှင့် သစ်ပင်စိုက်ပွဲကျင်းပ

ပေါင်းတည် ဇွန် ၆

၂၀၂၅ ခုနှစ် မေလ ၅ ရက်တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ အုန်းသုံးပင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်သစ်တောဦးစီးဌာနနှင့် ပညာရေးဦးစီးဌာတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲအခမ်းအနားနှင့် သစ်ပင်စိုက်ပွဲကျင်းပပြုလုပ်ခဲ့ကြသည်။

ဟောပြောပွဲအခမ်းအနား၌ မြို့နယ်သစ်တောဦးစီးမှူး ဦးဗန်လာအဲငါနှင့် လက်ထောက်မြို့နယ်ပညာရေးမှူး ဦးရန်နိုင်ထွန်းတို့က အသီးသီးအဖွင့်အမှာစကားပြောကြားခဲ့ကြပြီး မြို့နယ်သစ်တောဦးစီးမှူးက ပတ်ဝန်းကျင်ထိန်းသိမ်း​ရေး၊ ပလပ်စတစ်ဆိုးကျိုးများနှင့် သစ်​တောသစ်ပင်အကျိုး​ကျေးဇူးများအကြောင်း အသိပညာ​ပေး​ဟော​ပြော​ဆွေး​နွေးကာ ဟော​ပြောသည့် အကြောင်းအရာများအ​ပေါ် သိရှိမှတ်သားမှု ရှိ/မရှိ မေးခွန်းများ ​မေးမြန်းခဲ့ရာ ​ဖြေဆိုနိုင်သူ ကျောင်းသား၊ ကျောင်းသူများအား အသီးသီးဆုများချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ​မြို့နယ်သစ်တောဦးစီးမှူးနှင့် ဝန်ထမ်း ၅ ဦး၊ လက်ထောက်ပညာရေးမှူးအဖွဲ့နှင့် ဆရာ ဆရာများ ၁၂ ဦး၊ ကျောင်းသား၊ ကျောင်းသူ ၉၂ ဦးနှင့် ရပ်မိရပ်ဖ ၂၅ ဦး စုစုပေါင်းအင်အား ၁၃၄ ဦးဖြင့် ကျောင်းဝင်းအတွင်း ကျွန်းပင်နှင့် သီးပင်စားပင် အပင်တစ်ရာစိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။

ရွှေသား