ပေါင်းတည်၌ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော Sprite အချိုရည်ဘူးများအား စစ်ဆေးခြင်းဆောင်ရွက်

ပေါင်းတည် ဇွန် ၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနက မြို့နယ်စျေးကွက်အတွင်း Sprite အချိုရည်ဘူးများအား စစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကြသည်။

အဆိုပါကွင်းဆင်းစစ်ဆေးမှုကို မြို့နယ်စားသုံးသူရေးရာဦးစီးမှူး ဦးနိုင်ဝင်းသိန်းဦးဆောင်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာ၌ ရေသန့်နှင့် အချိုရည်ဆိုင်များ၊ ကုန်မျိုးစုံအရောင်းဆိုင်များသို့ ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဒေသစျေးကွက်အတွင်း ရောင်းလျက်ရှိသော Sprite အချိုရည်ဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ စစ်ဆေးခြင်းဖြစ်ကြောင်း သိရပြီး စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ကုန်အညွန်းအမှတ်အသားပြည့်စုံမှုရှိသော ကုန်စည်များသာ ရွေးချယ်ဝယ်ယူရောင်းချကြရန် လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ရွှေသား