ရွှေတောင်မြို့နယ်တွင်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီးပြေး/ခုန်/ပစ်ပြိုင်ပွဲတွင် ဆုရကျောင်းသား/သူများအား ကြိုဆိုခြင်းနှင့် ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

ရွှေတောင် ဇွန် ၁၂

၂၀၂၅ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၆)ခရိုင်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီးပြေး/ခုန်/ပစ်ပြိုင်ပွဲတွင် ဆုရကျောင်းသား/သူများအား ကြိုဆိုခြင်းနှင့် ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်အားကစားခန်းမ၌ကျင်းပခဲ့သည်။

အဆိုပါကြိုဆိုပွဲအခမ်းအနားသို့ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊  (ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ)ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ရွှေတောင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ (မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ) ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊  ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/သူများ မြို့အဝင်တိုးဂိတ်မှ စုပေါင်းကြိုဆိုခဲ့ကြပြီး မြို့နယ်အားကစားခန်းမတွင် အမျိုးသားတံခွန်စိုက်ဒိုင်း၊ အမျိုးသမီးတံခွန်စိုက်ဒိုင်း၊ ဆုများရရှိခဲ့သည့် ကျောင်းသား/သူ(၂၀)ဦးနှင့် အုပ်ချုပ်သူနည်းပြ(၂)ဦးတို့အား ရွှေတောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ (မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ) ဦးဟံဝင်းအောင်မှ ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခဲ့ပြီး ဧည့်ခံကျွေးမွေးခြင်းနှင့် မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်းသိရသည်။

ကိုကိုမင်း