ရေတာရှည်မြို့နယ်၌ ၂၀၂၅ ခုနှစ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ရေတာရှည် ဇွန် ၁၁

ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ရေတာရှည်မြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကိုယမန်နေ့နံနက်(၉:၃၀)နာရီအချိန်က မြို့လှမြို့အခြေခံပညာအထက်တန်း ကျောင်းဝန်းအတွင်း၌ကျင်းပပြုလုပ်ခဲ့သည်။

 အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဉီးဥက္ကာသန်းမှ ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အသင်းဝင်များဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်း သူများစုစုပေါင်းအင်အား (၃၅၀)ခန့်တက်ရောက်ပြီးကျွန်း၊ ပိတောက်၊အာဆီယံသပြေနှင့်မဟော်ဂနီ စုစုပေါင်းပျိုးပင် (၃၅၀) အားစုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)