ပဲခူးတိုင်းဒေသကြီး

မင်းလှ၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား စားအုန်းဆီများ သက်သာသောဈေးနူန်းဖြင့် ရောင်းချပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်ကုမ္ပဏီဆီဖြန့်ဖြူးရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနတို့က အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား စားအုန်းဆီများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံ၌ ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်သည်။

ညောင်လေးပင်မြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ယမန်နေ့နံနက်(၉)နာရီအချိန်က မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာတက်ကြွသော လူကြီးဘဝသဘောတရားကိုအခြေခံ၍ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးကြောင်းသိရသည်။

ပန်းတောင်းမြို့နယ်၌ အခြေခံပညာကျောင်းများသို့ ငလျင်ဘေးအန္တရာယ် အသိပညာပေးဟောပြော

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက သူရဲဇီးကျေးရွာအုပ်စု၊ သူရဲဇီးကျေးရွာ၊ အ.မ.က လွန် (သူရဲဇီး) ကျောင်း၌ ငလျင်ဘေးအန္တရာယ်နှင့် စပ်လျဥ်း၍ အသိပညာပေးဟောပြောခဲ့သည်။

သာယာဝတီ၌ အမှိုက်ခွဲခြားစွန့်ပစ်မှု အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြလေ့‌ကျင့်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် အမှိုက်ခွဲခြားစွန့်ပစ်မှု အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြလေ့‌ကျင့်ခြင်းကို အ.ထ.က(၁)သာယာဝတီကျောင်းနှင့် အ.ထ.က သုံးဆယ်ကျောင်းတို့တွင် ယနေ့ နံနက်ပိုင်းက ဆောင်ရွက်သည်။

ပဲခူးမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များဖြန့်ဝေ

၂၀၂၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင်ရောက်ရှိမည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်း စာစောင်များကို ယမန်နေ့ ညနေပိုင်းက ပဲခူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ပဲခူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ သွားရောက်ဖြန့်ဝေပေးခဲ့ကြသည်။

ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းပါဝင်မှုဖြင့် ပြည်မြို့ (ရွှေတံခါး) အ.ထ.က၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်၍ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၊ ကျန်းမာ‌ရေးဌာနနှင့် အခြေခံပညာဦးစီးဌာန ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းပါဝင်မှုဖြင့် ယမန်နေ့ နံနက်ပိုင်းက ပြည်မြို့ (ရွှေတံခါး) အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်ကြသည်။

အုတ်တွင်းမြို့နယ်၌ အမှိုက်များစနစ်တကျ ခွဲခြားစွန့်ပစ်ရေး အသိပညာပေးခြင်းနှင့် သရုပ်ပြသခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ အမှိုက်များစနစ်တကျခွဲခြားစွန့်ပစ်ရေး အသိပညာပေးခြင်းနှင့် သရုပ်ပြသခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အ.ထ.က(အုတ်တွင်း)ကျောင်းနှင့် မြို့မစျေးကြီးတို့တွင် ပြုလုပ်ခဲ့သည်။

သနပ်ပင်မြို့တွင် “ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်ခန်း” ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (သနပ်ပင်)၌ “ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်ခန်း”ကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဖြူးမြို့နယ်၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး၍ သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်

တောင်ငူခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖြူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်း၍ ဖြူးမြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး၍ သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က အဆိုပါကျောင်းတွင် ပြုလုပ်သည်။

ပေါင်းတည်၌ အငြိမ်းစားဝန်ထမ်းများအားပင်စင်လစာငွေများ ထုတ်ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ ဇွန်လပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက် ၆ နာရီမှစတင်၍ ပုံမှန်ထုတ်ပေးခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး