ဖြူးမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား မြို့နယ်ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီမှ ကွင်းဆင်းစစ်ဆေး
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြိုနယ်တွင် မြို့နယ်ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီမှ ဆေးဆိုင်များအား လိုင်စင်သက်တမ်းကုန်ဆုံးခြင်း ရှိ/မရှိ၊ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိသည့် တရားမဝင်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိနှင့် မြို့နယ်စည်ပင်သာယာရေးလိုင်စင် ရှိ/မရှိတို့အား ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။