ပေါင်းတည်၌ မိုးစပါး ဧကငါးသောင်းခြောက်ထောင်ကျော် စိုက်ပျိုးပြီးစီး
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယခု ဇူလိုင်လ ၁၅ ရက်အထိ မိုးစပါး ၅၆၃၉၂ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း၊ ယခု ၂၀၂၅ ခုနှစ် မိုးစပါးစိုက်ရာသီတွင် ၇၃၅၁၄ ဧကစိုက်ပျိုးနိုင်ရန် လျာထားသတ်မှတ်ခဲ့ပြီး လျာထားချက်ပြည့်မီကျော်လွန်ရေး ကြိုးပမ်းလျက်ရှိသည်။