ရေတာရှည် ဇူလိုင် ၁၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇူလိုင် ၁၅ ရက်နေ့နံနက်ပိုင်းက မူလွန်ဘိုးတော်ကုန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်သော်ဇင်အောင်မှ ကျောင်းသား/ ကျောင်းသူများအား ဗဟုသုတတိုးပွားလာစေရန် အာဇာနည်နေ့ ပေါ်ပေါက်လာပုံနှင့် အာဇာနည်ခေါင်းဆောင် (၉)ဦးအကြောင်းကို အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ ကျောင်းသား/ကျောင်းသူများအား အာဇာနည်ခေါင်းဆောင်ကြီး(၉)ဦး၏ အတ္ထုပ္ပတ္တိများ၊ အာဇာနည်နေ့ကဗျာများဖြင့် အသိပညာပေးနံရံကပ်စာစောင်များ ပြသဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသူ/ကျောင်းသားများအား နယ်လှည့်စာကြည့်တိုက်များ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)