မိုးညိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူအသင်းများပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

မိုးညို ဇူလိုင် ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာ‌ပေချစ်မြတ်နိုးသူများပူးပေါင်း၍ စာရေးဆရာ ဒေါက်တာရဲနိုင်ရေးသားသည့် "လူဆိုတဲ့လူ"စာအုပ်ဖြင့် ဇူလိုင် ၁၅ ရက် မွန်းလွဲ (၂) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန္ဒာလင်းက စာဖတ်ခြင်း၏အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဦးမြသန်းက "လူဆိုတဲ့လူ"စာအုပ်မှ "လူဆိုတဲ့လူ" ခေါင်းစဉ်ပါအကြောင်းအရာများကိုဖတ်ကြားပြီး ဝါသနာတူလူငယ်များအသင်း (Youth Club) အဖွဲ့ဝင် မောင်ပြည့်ဖြိုးထွန်းက "ဗလငါးတန်"နှင့် (Women Club) အဖွဲ့ဝင် ဒေါ်သင်းသင်းစိန်က "ကျန်းမာခြင်းသုခ" စသည့် ခေါင်းစဉ်ပါအကြောင်းအရာများအား ဖတ်ကြားခဲ့ရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့်အဖွဲ့ဝင်များက မိမိတို့သိလိုသည်များကို မေးမြန်းကြပြီး စာပေဖတ်ကြားသူများနှင့် ပြန်လည်‌ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ကိုမင်း (ပြန်/ဆက်)