ပေါင်းတည်၌ သဘာဝဘေးအန္တရာယ်များဆိုင်ရာ ဟောပြောပွဲနှင့် ငလျင်ဒဏ် ကာကွယ်ခြင်း သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ သဘာဝဘေးအန္တရာယ် ငလျင်ဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဒဏ် ကာကွယ်ခြင်း သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှုကို ယမန်နေ့ နေ့လယ် ၂နာရီခွဲက မြို့နယ် ပြည်သူ့ဆေးရုံတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။