တောင်သူများအား စပါးခွံဇီဝမီးသွေးမြေသြဇာပြုလုပ်နည်း လက်တွေ့သရုပ်ပြ

ပဲခူး ဇွန် ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်တွင် ဒေသခံတောင်သူများအား စပါးခွံဇီဝမီးသွေးမြေသြဇာပြုလုပ်နည်း လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့ညနေပိုင်းက အိုးဘိုကျေးရွာအုပ်စု၌ ပြုလုပ်ခဲ့သည်။

ဦးစွာ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန်းစန်းမြိုင်က စပါးခွံဇီဝမီးသွေးမြေသြဇာပြုလုပ်နည်း အဆင့်ဆင့်နှင့် လိုအပ်သည့်ပစ္စည်းများ၊ သီးနှံစိုက်ခင်းတွင် ထည့်သွင်းသုံးစွဲရမည့် နှုန်းထားများ၊ သုံးစွဲခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေးပြီး စပါးခွံဇီဝမီးသွေးမြေသြဇာပြုလုပ်ပုံအဆင့်ဆင့်ကို လက်တွေ့ပြသခဲ့သည်။

အဆိုပါ စပါးခွံဇီဝမီးသွေးမြေသြဇာပြုလုပ်နည်း လက်တွေ့သရုပ်ပြသခြင်းကို မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုကော်မတီအဖွဲ့ဝင်များနှင့် ဒေသခံတောင်သူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)