ဒိုက်ဦး ဇွန် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ဖအောင်ဝဲအထက်တန်းကျောင်းတွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များကို One Stop Service နေ့ချင်းပြီးအစီအစဉ်ဖြင့် ထုတ်ပေးခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းမှစတင်၍ ကွင်းဆင်းကာ စနစ်တကျဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ပေးရာနေရာသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးလှမြင့်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကိုဦးတို့က လာရောက်ကြည့်ရှုခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျောင်းသား၊ ကျောင်းသူများထံ လက်ဝယ်အရောက်ပေးအပ်ခဲ့ကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
စိုးထက်ကျော် (ပြန်/ဆက်)