နတ်တလင်း ဇွန် ၁၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် မိုးရာသီတွင်ဖြစ်ပွားတတ်သော သွေးလွန်တုတ်ကွေးရောဂါ ၊ ဝမ်းလျောဝမ်းပျက်ရောဂါ ၊ အစာအဆိပ်သင့်ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ အေးအေးသန့်မှ လူနာ၊လူနာစောင့်များအား မိုးရာသီကာလတွင်ဖြစ်ပွားတက်သော သွေးလွန် တုတ်ကွေးရောဂါ၊ဝမ်းပျက်ဝမ်းလျော ရောဂါ၊အစာအဆိပ်သင့်ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ ရောဂါဖြစ်ပွားမှု အခြေအနေများ၊ ရောဂါကူးစက်ပုံ၊ ရောဂါလက္ခဏာများ၊ ဖြစ်ပွားပါက လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများအား အသိပညာပေးဟောပြော ခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)