၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ပဲခူးမြို့နယ်မှ (၂၆၉၂)ဦးဖြေဆိုရာ (၁၄၁၈) ဦး အောင်မြင်
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို ဇွန်လ(၂၈)ရက်နေ့နံနက်ပိုင်းက မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနအသီးသီး၌ နံနက်(၆)နာရီမှစတင်၍ ထုတ်ပြန်ပေးထားလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ (၂၆၉၂)ဦးရှိပြီး (၁၄၁၈)ဦး အောင်မြင်မှုရရှိသဖြင့် အောင်ချက်ရာခိုင်နှုန်းမှာ (၅၂.၆၇)% ရှိကြောင်း သိရသည်။