သဲကုန်း ဇွန် ၁၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးစနစ်ကောင်းမွန်ရေးအတွက် မြို့နယ်လျှပ်စစ်၏ဓာတ်အားပေးခွဲရုံ နယ်မြေအတွင်း ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသော 11 KV ဓာတ်အားလိုင်းအား ပြုပြင်ထိန်းသိမ်းခြင်းကို ယမန်နေ့က မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများက စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် သဲကုန်းမြို့နယ် လျှပ်စစ်ဓာတ်အားပေးခွဲရုံ နယ်မြေအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးထားသော 11 KV ဓာတ်အားလိုင်းအား လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေး နှင့်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးစနစ် ကောင်းမွန်ရေး ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ၊Unit Losses ကျဆင်းရေးနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေး အတွက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း ၊ TR များ Load balancing တိုင်းတာခြင်း၊ TR ဝန်းခြံများ သန့်ရှင်းရေးပြုလုပ်ခြင်း၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးနှင့် တရားမဝင်ဓာတ်အားသုံးစွဲမှု မရှိစေရေးကို မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိဝန်ထမ်းများက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ကိုကျော် (သဲကုန်း)