လက်ပံတန်း၌ တီဘီရောဂါတိုက်ဖျက်ရေးအရှိန်မြှင့်ဆောင်ရွက်

လက်ပံတန်း ဇွန် ၁၈

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ဇော်ဝင်းနှင့်ဝန်ထမ်းများက ရက် (၁၀၀) စီမံချက်ဖြင့် ရပ်ကွက်ကျေးရွာများသို့ကွင်းဆင်း၍ တီဘီရောရှာဖွေကုသရေးလုပ်ငန်းများဆောင်လျက်ရှိရာ ယနေ့နံနက်ပိုင်းက သာရဝေါကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ဇော်ဝင်းက တီဘီ ရောဂါဖြစ်ပွားစေနိုင်သောအကြောင်းအရင်းများ၊ ရောဂါသွင်ပြင်နှင့်လက္ခဏာများအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက တီဘီရောဂါရှိသူနှင့် အတူနေမိသားစုများအား ကျန်းမာရေးစစ်ဆေးခြင်း၊ ပိုးတွေ့လူနာများအား DOT စနစ်ဖြင့် တီဘီဆေးတိုက်ကျွေးခြင်းလုပ်ငန်းများကို ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)