ပဲခူးတိုင်းဒေသကြီး

တောင်ငူမြို့၊ ကေတုမတီဘိုးဘွားရိပ်သာ၌ (၃၁) ကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကေတုမတီဘိုးဘွားရိပ်သာ၏ (၃၁) ကြိမ်မြောက် ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကေတုမတီဘိုးဘွားရိပ်သာမင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။

လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးစခန်းအား ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးစခန်း၌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်သည် ဇူလိုင်လ၂၅ ရက်နေ့ မွန်းလွဲ ၄ နာရီက မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်း၌ တရားမဝင်ကုန်သွယ်မှုများ ထိရောက်စွာ တားဆီးထိန်းချုပ်နိုင်ရန်အတွက် ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးစခန်းမှ တရားမဝင်ကုန်ပစ္စည်းများ သိမ်းဆည်းရမိထားသည့် ကုန်ပစ္စည်းများအား ကြည့်ရှုစစ်ဆေးသည်။

ပေါင်းတည်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များ လုပ်ငန်းညှိနှိုင်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဇူလိုင်လ ၂၅  ရက်နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာအကြီးအကဲများ ၊ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ဝေါမြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ပေး

ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့ခုတင် (၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက ဝေါမြို့နယ်၊ မြစ်ကျိုးတိုက်နယ်ဆေးရုံသို့ သွားရောက်၍ ရဟန်း၊ ရှင်၊ လူပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ပေးကြသည်။

ဝေါမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ဝေါမြို့နယ်၊ ဧကရာဇ်ကျေးရွာ၌ ဧကရာဇ်စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းလီမိတက်မှ အသင်းသား(၁၁)ဦး ပိုင်ဆိုင်သော လယ်မြေ(၅၀)ဧကအတွင်း စိုက်ပျိုးထားသည့် အောင်နိုင်တိုးမျိုးစပါး စိုက်ခင်းများအား ဇူလိုင်လ ၂၄ ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ချောစုလှိုင်၊ မြို့နယ်ဦးစီးအရာရှိ ဦးအေးလွင်နှင့် တာဝန်ရှိသူများက စိုက်ပျိုးထားရှိမှု အခြေအနေများတွင် ပန်းတိုင်းအထွက်နှုန်းပြည့်မီကျော်လွန်စေရေးနှင့် နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးထားမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မိုးညိုမြို့နယ်၌ကမ်းပါးပြို၍ပြောင်းရွှေ့ခဲ့သည့်မိသားစုအား ပြောင်းရွှေ့စရိတ်ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ အိုးဘိုကျွန်းကျေးရွာအုပ်စု၊ စိန်တိုင်ကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားသဖြင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသည့် နေအိမ်တစ်လုံးမှ မိသားစုအား ယမန်နေ့မွန်းလွဲပိုင်းအချိန်က ပြောင်းရွှေ့စရိတ်နှင့် ဆန်ရိက္ခာဖိုး သွားရောက်‌ပေးအပ်ခဲ့ကြောင်းသိရသည်။

သနပ်ပင်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော အိမ်ထောင်စုများအား ဆန်ရိက္ခာဖိုးနှင့် အိမ်ဆောက်ပစ္စည်းကုန်ကျစရိတ်များ ထောက်ပံ့ငွေ ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်းရှိ ကုလားချောင်းကြီးကျေးရွာနှင့် တံခွန်တိုင်ကျေးရွာတို့တွင် ဇူလိုင်လ ၂၄ ရက်နေ့က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ယမန့်နေ့မွန်းလွဲပိုင်းက သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

သာယာဝတီမြို့တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တစ်လုံး တစ်စိတ်တစ်ပိုင်း ပျက်စီး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီ​မြို့နယ်၊ သုံးဆယ်မြို့၊ စည်ပင်အုပ်စု၊ သိုက်တောကျေးရွာတွင် ယမန်နေ့ နံနက် ၁၀ နာရီက လေဆင်နှာမောင်းတိုက်ခတ်သဖြင့် သစ်ပင်များပြိုလဲမှုကြောင့် စာသင်ကျောင်းနှင့် လူနေအိမ်များအနီး သစ်ပင်များပြိုလဲခြင်းများနှင့် နေအိမ်အချို့ ပျက်ဆီးခြင်းများ ဖြစ်ပွားခဲ့သည်။

ထန်းတပင်မြို့နယ်၌ အနိမ့်ပိုင်းရပ်ကွက်များအတွင်း စစ်တောင်းမြစ်ရေဝင်ရောက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် သောက်ရေခပ် ဆည်ရေပိုလွှဲမှ ရေပို့လွှတ်မှုများကြောင့် စစ်တောင်း မြစ်ရေသည် တောင်ငူစခန်း တိုင်းတာချက်အရ ယမန်နေ့တွင် ၄၈၁ စင်တီမီတာရှိပြီးလက်ရှိအခြေအနေတွင် အနိမ့်ပိုင်း ရပ်ကွက်များဖြစ်သည့် အောင်ချမ်းသာရပ် ကွက်တွင် အိမ်ခြေ ( ၉ ) လုံး အိမ်ထောင်စု ( ၉ )စု ၊ ဆိပ် ကြီးရပ်ကွက်တွင် အိမ်ခြေ ( ၁၄ ) လုံး အိမ်ထောင်စု (၁၄) စုသို့ ရေများဝင်ရောက်လျက်ရှိပြီး အောင်ချမ်းသာရပ်ကွက်ရှိ ထန်းတပင်မြို့မရဲစခန်းဝန်းအတွင်း၌လည်း ရေများစတင်ဝင်ရောက်လျက်ရှိသည်။

ညောင်လေးပင်မြို့၌ လေပြင်းဘေးကြောင့်ပျက်စီး ဆုံးရှုံးသားသောနေအိမ် (၃)လုံးအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့ မြို့မ(၃)ရပ်ကွက် အနောက်စုရပ်တွင် လေပြင်းဘေးကြောင့်ပျက်စီးဆုံးရှုံးသွားသောနေအိမ် (၃)လုံးအတွက်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၁၄) နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး