မိုးညိုမြို့နယ်၌ အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားများအား UID ဆောင်ရွက်ပေး

မိုးညို စက်တင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက အသက် ၈၅ နှစ်အထက် သက်ကြီးထောက်ပံ့ကြေးအား မြန်မာ့စီးပွားရေးဘဏ်သို့ လာရောက်ထုတ်ယူသူများကို ယမန်နေ့က UID ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုးညိုမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးချစ်ကိုကို၏ ကြီးကြပ်မှုဖြင့် လူဝင်မှုကြီးကြပ်‌ရေးမှူး‌ ဦးသန်းဦးနှင့်ဝန်ထမ်းများက မြန်မာ့စီးပွား‌ရေးဘဏ်၌ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးထောက်ပံ့ကြေး လာရောက်ထုတ်ယူသော သက်ကြီးဘိုးဘွားများနှင့် ကိုယ်စားထုတ်ယူသူများကို UID ဆောင်ရွက်ပြီး/မပြီးစိစစ်၍ မဆောင်ရွက်ရသေးသူများအား UID ဆောင်ရွက်ပေးခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုးညိုမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရးကတ်ပြားများ ပြုလုပ်‌‌ပေးခြင်းနှင့် UID ဆောင်ရွက်ပေးခြင်းတို့ကို ဌာနဆိုင်ရာ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်ဦးစီးမှူးရုံးတွင်လည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုမင်း (ပြန်/ဆက်)