အုတ်တွင်းမြို့နယ်တွင် ဘဝအဖော်မွန် ကျေးရွာစာကြည့်တိုက်ရန်ပုံငွေဖြင့် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်း
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၊ ခင်တန်းကျေးရွာ ဘဝအဖော်မွန် ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်၏ ရန်ပုံငွေဖြင့် (၇) ကြိမ်မြောက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက အမက(မူလွန်) ခင်တန်းကျောင်း၌ ပြုလုပ်သည်။