ကြို့ပင်ကောက် စက်တင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် အောင်နိုင်တိုးမိုးစပါးစံကွက် ရိတ်သိမ်းပွဲကို လက်ပံပင်စုကျေးရွာအုပ်စု တမံဆည်ကျေးရွာမှ တောင်သူ ဦးခင်ဇော်၏ မိုးစပါး ၅ ဧက စိုက်ခင်းတွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါမောင်နိုင်တိုးစပါးမျိုးအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအကူအညီဖြင့် ဝယ်ယူစိုက်ပျိုးထားခြင်းဖြစ်ကြာင်း သဘာဝမြေဩဇာနှင့် ယူရီယားဓါတ်မြေဩဇာပေါင်းစပ်၍ ထည့်သွင်းစိုက်ပျိုးထားခြင်းဖြစ်ကြောင်း စပါးအထွက်နှုန်းမှာ တစ်ဧကလျှင် စပါး ၁၃၆ တင်းခန့် ထွက်ရှိခဲ့ကြောင်း ယခင်နှစ်က ထိုင်းနှံကောက်စပါးမျိုးထက်ပိုမိုထွက်ရှိခဲ့ကြာင်း ယခုနှစ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ လမ်းညွှန်ချက်များဖြင့် စိုက်ပျိုးခဲ့သောကြောင့် အထွက်နှုန်းတိုးတက်ရရှိခဲ့ကြာင်း တောင်းသူ ဦးခင်ဇော်ထံမှ သိရသည်။
မိုးစပါးစံကွက် ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ဇေယျနှင့် မြို့နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ ဌာနဆိုင်ရာအကြီးအကဲများ တောင်သူများ တက်ရောက်ခဲ့ကြကြာင်း သိရသည်။
ဇေယျာထွန်း (ပြန်ဆက်)