ပေါင်းတည်၌ ပြည်သူလူထုအတွင်း ကင်ဆာရောဂါ အသိပညာမြှင့်တင်ရေးလှုပ်ရှားမှုများ ဆောင်ရွက်

ပေါင်းတည် စက်တင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်၌ ပြည်သူလူထုအတွင်း ကင်ဆာရောဂါအသိပညာမြှင့်တင်ရေး လှုပ်ရှားဆောင်ရွက်မှုလုပ်ငန်းများကို ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ လမ်းညွှန်ချက်အရ ပေါင်းတည်မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းချစ်ဦးဆောင်၍ ပြည်သူလူထုအတွင်း ကင်ဆာရောဂါ အသိပညာမြှင့်တင်ရေးလှုပ်ရှားမှုများကို စက်တင်ဘာလ ၁ ရက်မှ‌ စက်တင်ဘာ ၁၅ ရက်အထိ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ကြရာ၌နှီးနွယ်ဌာနများ၊ မိခင်နှင့်ကလေး‌ စောင့်ရှောက်‌ရေး၊ အမျိုးသမီးရေးရာအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းအဖွဲ့များနှင့်ပူးပေါင်း၍ ပြည်သူ့ကျန်းမာရေးဌာန/ ဌာနခွဲအခြေပြု၊ ပြည်သူလူထုအခြေပြု၊ ကျောင်းအခြေပြုနှင့်ဆေးရုံအခြေပြုကဏ္ဍများခွဲခြား၍ ခံတွင်းကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာနှင့် ရင်သားကင်ဆာရောဂါအသိပညာမြှင့်တင်ရေး ပညာပေးဆွေးနွေးပွဲများ၊ ပြခန်းများဖြင့်အသိပညာပေးခြင်း၊ သရုပ်ပြစမ်းသပ်ပြသခြင်း၊ ပိုစတာများချိတ်ဆွဲပြသခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ရွှေသား (ပြန်/ဆက်)