နတ်တလင်း စက်တင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ စက်တင်ဘာ ၁၄ ရက်နေ့က ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ အ.ထ.က (ကရင်ကုန်း)ကျောင်းနှင့် ချဥ်ယုတ်ကွင်းကျေးရွာတို့၌ ကွမ်းယာဆေးလိပ်ဆေးရွက်ကြီးနှင့် အရက်သေစာသောက်စားမှုလျော့ချရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲကို နတ်တလင်းမြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအေးအေးသန့်၏ ဦးဆောင်မှုဖြင့် မြို့နယ်မိခင်နှင့် ကလေးကျောင်းကျန်းမာအာဟာရ ဦးစီးအရာရှိ ဒေါက်တာခိုင်သဉ္ဇာမှ ဆေးလိပ်နှင့်ဆေးရွက် ကြီးထွက်ပစ္စည်း၏ ကျန်းမာရေးအန္တရာယ်များ၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း စတင်ဖြတ်ချိန်၌ လက်ငင်းရလဒ်များ၊ ကြာရှည်ရလဒ်များ၊ ဆေးလိပ်သောက်သုံးခွင့် ရှိသောနေရာများနှင့် သောက်သုံးခွင့်မရှိသော နေရာများ၊ ကွမ်းယာစားသုံးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့်ဆိုးများကျိုး၊ အရက်သေစာ သောက်စားခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများအကြောင်းကို အကျယ်တဝင့်ဆွေးနွေးဟောပြောခဲ့ကြောင်းသိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)