ရေတာရှည် စက်တင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်သည့် (၁၉) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်းနှင့် ကာကွယ်ဆေးထိုးခြင်းကို စက်တင်ဘာ ၂၈ ရက်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရေတာရှည်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက အထက (ရေတာရှည်) ကျောင်းနှင့် စိုက်ပျိုးရေးသင်တန်းခန်းမတွင် ခွေးရူးပြန်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက ခွေးရူးရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျေးရွာများ၊ ဘုန်းကြီးကျောင်းများ၊ ရပ်ကွက်အတွင်းရှိ မွေးမြူထားသောခွေးများ စုစုပေါင်းခွေးကောင်ရေ (၄၀)အား ခွေးရူးရောဂါမဖြစ်ပွားစေရေးအတွက် ကွင်းဆင်း၍ ခွေးရူးရောဂါကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)