ဧရာဝတီတိုင်းဒေသကြီး

ငါးသိုင်းချောင်းမြို့တွင် အသက်(၇၀)နှင့် အထက် အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်း ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက် (၇၀)နှင့်အထက် ဘိုးဘွားများအားကျန်းမာရေးအခမဲ့စောင့်ရှောက်ခြင်းကို ယနေ့နံနက် ၈ နာရီက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငပုတောမြို့နယ်၌ ဆောင်းဆီထွက်သီနှံ (နေကြာ-ပဲပုပ်)မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ဆောင်းဆီထွက်သီးနှံ (နေကြာ-ပဲပုပ်)မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မား‌စေရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။

တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ မအူပင်မြို့နယ်သမဝါယမအသင်းပိုင် လယ်မြေရှိသော အသင်းဒါရိုက်တာအဖွဲ့ဝင်များနှင့်တွေ့ဆုံပွဲ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်သမဝါယမဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးဦးစီးမှူးနှင့် မြို့နယ်သမဝါယမအသင်းစု ဒါရိုက်တာအဖွဲ့များ၊ အသင်းပိုင်လယ်ယာမြေရှိသော သမဝါယမအသင်း(၂)သင်း၊ အသင်းပိုင်ကိုင်းမြေရှိသော သမဝါယမအသင်း(၂)သင်းတို့မှ ဒါရိုက်တာအဖွဲ့ဝင်များ မြို့နယ်သမဝါယမဦးစီးဌာနဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ကျောက်ဆည်ခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းအနေဖြင့် ပြည်သူများ၊ အခြေခံစားသောက်ကုန်များဝယ်ယူသုံးစွဲရာ၌ အထောက်အကူပြုစေရန်အတွက် စားအုန်းဆီများကို ဈေးနှုန်းချိုသာစွာဖြင့် စဉ်ဆက်မပြတ် ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် စားအုန်းဆီများဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်၊ အ.လ.က(ကြက်တည်)၌ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး ဟောပြော

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်မှ ကြိုတင်တားဆီးကာကွယ်နိုင်ရန်အတွက် အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ကြက်တည်ကျေးရွာအခြေခံပညာ အလယ်တန်းကျောင်းတွင် ကျင်းပသည်။

ကြံခင်းမြို့၌ တောင်သူများအား  နေကြာမျိုးစေ့ပေးအပ်ခြင်းနှင့် စုပေါင်းနေကြာစိုက်ပျိုးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များက ရွာသစ်ရပ်ကွက်၊ တောင်သူ ဦးအောင်သူ၏ ကိုင်းမြေ (မြေနုကျွန်း) တွင် နေကြာမျိုး​စေ့ထုတ်များပေးအပ်ခြင်းနှင့် စုပေါင်းစိုက်ပျိုးပွဲကို တက်ရောက်ကြသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ကြံခင်းမြို့နယ်အတွင်းရှိ တောင်သူများအား နိုင်ငံစီးပွားရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) များနှင့် ဆီထွက်သီးနှံ (ဆောင်းနေကြာ) မျိုးစေ့များ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက ကြံခင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမ၌ ကျင်းပသော နိုင်ငံစီးပွားရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) များနှင့် ဆီထွက်သီးနှံ (ဆောင်းနေကြာ) မျိုးစေ့များ ပေးအပ်ပွဲသို့ တက်ရောက်သည်။

ဘိုကလေးမြို့နယ်တွင် ရုံးလုပ်ငန်းသုံး အခမဲ့ကွန်ပျူတာသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် နိုဝင်ဘာ  ၁၁ ရက်နေ့ နေ့လယ်(၂)နာရီမှ စတင်၍ ရုံးလုပ်ငန်းသုံး အခမဲ့ကွန်ပျူတာ သင်တန်းအား ဖွင့်လှစ်ခဲ့သည်။

ဘိုကလေးမြို့နယ် အခြေခံပညာကျောင်းများ၌ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယနေ့နံနက် (၉) နာရီခွဲအချိန်၌ အခြေခံပညာကျောင်းများ၌ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ကျောင်းသား/သူများ လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းအတွင်းဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်း(၂၇၁)ခုအနက် လုပ်ငန်းပြီးဆုံးမှုရာခိုင်နှုန်းနည်းနေသည့် တင်ဒါအောင်ကုမ္ပဏီများနှင့် တွေ့ဆုံ

၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း(တည်ဆောက်ရေး)ရန်ပုံငွေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းဆောင်ရွက်သည့် လုပ်ငန်း(၂၇၁)ခုအနက် လုပ်ငန်းပြီးဆုံးမှုရာခိုင်နှုန်းနည်းနေသည့် တင်ဒါအောင်ကုမ္ပဏီလုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့ ဧရာရွှေဝါခန်းမတွင်ပြုလုပ်သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး