ဒေးဒရဲမြို့၌ (၂၀၂၆) ခုနှစ်၊ တက္ကသိုလ်ဝင်နှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ(ပဥ္ဓမနေ့) သက်ဆိုင်ရာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ ဖြေဆို
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်နှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ (ပဥ္ဓမနေ့)အဖြစ် သက်ဆိုင်ရာဘာသာရပ်များကို မတ် ၁၆ ရက်နေ့နံနက် (၉) နာရီကစတင်၍ မြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခုတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုလျက်ရှိသည်။