မအူပင် နိုဝင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်သမဝါယမဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးဦးစီးမှူးနှင့် မြို့နယ်သမဝါယမအသင်းစု ဒါရိုက်တာအဖွဲ့များ၊ အသင်းပိုင်လယ်ယာမြေရှိသော သမဝါယမအသင်း(၂)သင်း၊ အသင်းပိုင်ကိုင်းမြေရှိသော သမဝါယမအသင်း(၂)သင်းတို့မှ ဒါရိုက်တာအဖွဲ့ဝင်များ မြို့နယ်သမဝါယမဦးစီးဌာနဝန်ထမ်းများနှင့် တွေ့ဆုံသည်။
ဦးစွာမြို့နယ်ဦးစီးအရာရှိ ဦးသန့်စင်မှ အသင်းပိုင်လယ်ယာမြေများနှင့်ပတ်သတ်သည့်ကိစ္စရပ်များ၊ လယ်ယာမြေတွင်စိုက်ပျိုးထားရှိမှုတို့ကို ရှင်းလင်းဆွေးနွေးတင်ပြသည်။ ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးဦးကျော်စိုးမင်းမှ အသင်းပိုင် လယ်မြေ/သောင်မြေတို့တွင် စိုက်ပျိုးသည့် ဆောင်းသီးနှံများအတွက် လိုအပ်သည့်ပိုးသတ်ဆေး၊ သွင်းအားစုများရရှိရေး၊ မြို့နယ် သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့ပေါင်းစပ်ကာ အထွက်နှုန်း တိုးတက်ရေး၊ အောင်မြင်အောင်ဆောင်ရွက်သွားရန်လမ်းညွှန်မှာကြားခဲ့သည်။
မအူပင်မြို့နယ်တွင် သမဝါယမအသင်းပိုင် လယ်/ကိုင်း(၁၃၆.၄၇)ဧကရှိပြီး သမဝါယမအသင်း (၄) သင်းတွင် မိုးစပါး၊ နွေစပါး၊ ဆောင်းသီးနှံ၊ ပဲမျိုးစုံ၊ ငြုပ်၊ ခရမ်းချဉ်၊ ပြောင်းများ စိုက်ပျိုးကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)