ဘိုကလေး နိုဝင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယနေ့နံနက် (၉) နာရီခွဲအချိန်၌ အခြေခံပညာကျောင်းများ၌ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ကျောင်းသား/သူများ လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိခြင်းဖြစ်ပြီး လက်ကမ်းစာစောင်၌ ဗိုလ်ချုပ်အောင်ဆန်း၏ (၁၉၄၆)ခုနှစ် ဖဆပလပြည်လုံးကျွတ် ညီလာခံတွင် တင်သွင်းသော ညီညွတ်ရေးအဆိုကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာ ကောက်နုတ်ချက်၊ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်၊ ရန်ကုန်ယူနီဗာစတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသား (၁၁) ဦး၏ အမည်စာရင်း၊ အမျိုးသားအောင်ပွဲနေ့၏ ဂုဏ်၊ဒြပ်များအား ဖော်ညွှန်းရေးဖွဲ့ထားသည့် ဆောင်းပါး၊ ဆောင်ပုဒ်၊ ကဗျာ၊ ကာတွန်းစသည်တို့အား ပြည့်စုံစွာ ထည့်သွင်းအသိပညာပေးထားကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)