ကြံခင်း နိုဝင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များက ရွာသစ်ရပ်ကွက်၊ တောင်သူ ဦးအောင်သူ၏ ကိုင်းမြေ (မြေနုကျွန်း) တွင် နေကြာမျိုးစေ့ထုတ်များပေးအပ်ခြင်းနှင့် စုပေါင်းစိုက်ပျိုးပွဲကို တက်ရောက်ကြသည်။
ရှေးဦးစွာ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်တို့က ရွာသစ်ရပ်ကွက်ရှိ နေကြာစိုက်တောင်သူများအား နေကြာမျိုးစေ့များ ပေးအပ်ကြပြီး၊ တောင်သူ ဦးအောင်သူ၏ မြေနုကျွန်းကိုင်းမြေ ကွင်းအမှတ်(၁၈၉၆/ခ)၊ ဦးပိုင် ၁၈၁၊ ၁ ဧကတွင် Supersun 41 နေကြာမျိုးစေ့များကို သတ်မှတ်နေရာများတွင် တစ်ပျော်တစ်ပါး စိုက်ပျိုးပေးကြပြီးနောက် တောင်သူများ နေကြာစိုက်ပျိုးနေမှုများအား မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဥက္ကနှင့်အဖွဲ့ဝင်များက ကြည့်ရှု အားပေးကြသည်။
ကြံခင်းမြို့နယ်အတွင်း ဆောင်းသီးနှံ (ဆီထွက်သီးနှံ) ၈၀၉၁ ဧကတွင် နေကြာ Supersun 41 နှင့် ဆင်းရွှေကြာ (၂) မျိုး လျာထားစိုက်ပျိုးသွားမည့်အပြင်၊ မြေပဲ (၁၄၈၈၇)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)