ကျောက်ဆည်ခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

ကျောက်ဆည် နိုဝင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းအနေဖြင့် ပြည်သူများ၊ အခြေခံစားသောက်ကုန်များဝယ်ယူသုံးစွဲရာ၌ အထောက်အကူပြုစေရန်အတွက် စားအုန်းဆီများကို ဈေးနှုန်းချိုသာစွာဖြင့် စဉ်ဆက်မပြတ် ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် စားအုန်းဆီများဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ရောင်းချရာ၌ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းဝင် စားသုံးဆီ လက်လီ၊ လက်ကားအရောင်းဆိုင်များဖြစ်သည့် ဒေါ်စန်းစန်းဌေး(နေလသုခ-၂) ဆီအရောင်းဆိုင်မှ ကျောက်ဆည်မြို့နယ် မြို့မဈေးအရှေ့ဘက်ပြည်သူများအတွက် စားအုန်းဆီ(၅၅၀)ပိဿာကိုလည်းကောင်း၊ ဒေါ်ကေဇာခိုင်(ဗိုလ်တစ်ထောင်) ဆီအရောင်းဆိုင်မှ တုံလုံကျေးရွာပြည်သူများအတွက် စားအုန်းဆီ(၁၁၀)ပိဿာကိုလည်းကောင်း၊  ဒေါ်သဇင်အောင်(နေလသုခ)ဆီအရောင်းဆိုင်မှ နောင်ခမ်းရွာ၊ ငပြောင်ရွာပြည်သူများအတွက် စားအုန်းဆီ(၁၁၀)ပိဿာကိုလည်းကောင်း၊ ဒေါ်သီတာ(စစ်ငြိမ်း)စားသုံးဆီဆိုင်မှ ချောင်းဆုံရွာ၊ ဇရစ်ခဲရွာပြည်သူများအတွက် စားအုန်းဆီ(၁၁၀)ပိဿာကိုလည်းကောင်း၊ ဦးစိုးမောင်(အောင်စိုးမိုးဦး) စားအုန်းဆီအရောင်းဆိုင်မှစဉ့်ကိုင်မြို့နယ်၊ ဖလံဗိုလ်၊ စွယ်စုံ၊ ချောင်းဆုံရွာပြည်သူများအတွက် စားအုန်းဆီ(၄၄၀) ပိဿာကိုလည်းကောင်း အသီးသီးရောင်းချပေးခဲ့ကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)