ဘိုကလေးမြို့နယ်တွင် ရုံးလုပ်ငန်းသုံး အခမဲ့ကွန်ပျူတာသင်တန်းဖွင့်လှစ်

ဘိုကလေး နိုဝင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် နိုဝင်ဘာ  ၁၁ ရက်နေ့ နေ့လယ်(၂)နာရီမှ စတင်၍ ရုံးလုပ်ငန်းသုံး အခမဲ့ကွန်ပျူတာ သင်တန်းအား ဖွင့်လှစ်ခဲ့သည်။

သင်တန်းအား နိုဝင်ဘာ (၁၁)ရက်နေ့မှ (၁၂)ရက်နေ့ထိ (၂)ရက်တာ ဖွင့်လှစ်ခြင်းဖြစ်ပြီး မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်မာမာဆွေက သင်တန်းနည်းပြ အဖြစ်ဆောင်ရွက်၍ ရုံးလုပ်ငန်းသုံး ကွန်ပျူတာနည်းစနစ်များအား Excel Softwareအသုံးပြု၍ မျှဝေပို့ချခြင်းဖြစ်ပြီး သင်တန်းသို့ ဌာနဆိုင်ရာ သင်တန်းသား (၂၀)ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)