ဧရာဝတီတိုင်းဒေသကြီး

အိမ်မဲမြို့ အ-မ-က (ချောင်းဝ) တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် တိုင်ရင်းဆေးဖြင့်ဆေးကုသ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ-မ-က(ချောင်းဝ) ကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးကုဌာနတို့မှပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် တိုင်းရင်းဆေးဖြင့် ဆေးကုသပေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ကြံခင်းမြို့၌ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ရောက်ရှိနေသော ကျောင်းသား၊ ကျောင်းသူများအား Placement Test အထူးအစီစအဉ်ဖြင့် အရည်ချင်းစစ်စာမေးပွဲကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test (အထူးအစီအစဥ်) စာမေးပွဲကို ယမန်နေ့ကစတင်၍ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ကျင်းပပေးလျက်ရှိသည်။

ဘိုကလေးမြို့နယ်တွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံ မီးသတ်ပညာသင်တန်း ဖွင့်လှစ်ပို့ချလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် ဇွန်လ (၁၅) ရက်နေ့မှ စတင်၍ ဇွန် (၁၉) ရက်နေ့ထိ (၅) ရက်တာ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံ မီးသတ်ပညာသင်တန်း အမှတ်စဉ် (၄/၂၆) ဖွင့်လှစ်ပို့ချလျက်ရှိသည်။

မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ စာပေချစ်မြတ်နိုးသူများ BookClub အဖွဲ့မှ စာဖတ်ဝိုင်းကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ယမန်နေ့နံနက်က စာပေချစ်မြတ်နိုးသူများ BookClub အဖွဲ့မှ စာဖတ်ဝိုင်းကျင်းပပြုလုပ်သည်။

ဖျာပုံမြို့၌ သီနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အသးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး အိမ်တွင်းတစ်ပိုင်တစ်နိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရန်နှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းအဖြစ် သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို ယနေ့နံနက်ပိုင်းအချိန်က ဖျာပုံခရိုင်ရုံး Community Centre ခန်းမ၌ ကျင်းပသည်။

ကျောင်းကုန်းမြို့၌ မြို့နယ်အဆင့် ကျောင်းအခြေပြုကျန်းမာရေး အသိပညာ မြှင့်တင်မှုသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ မြို့နယ်အဆင့် ကျန်းမာရေးအသိပညာမြှင့်တင်မှု သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇွန် ၁၃ ရက်နေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ကျုံပျော်မြို့နယ်၌ ကောက်ရိုးမှို လက်တွေ့သရုပ်ပြစိုက်ပျိုးခြင်း အခမ်းအနား ပြုလုပ်

က်ပျိုးရေးကဏ္ဍ တိုးတက်ပြီး ပြည်သူများ ဝင်ငွေတိုးပွားရရှိစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ မှိုစိုက်ပျိုးထုတ်လုပ်မှုသင်တန်းနှင့် စင်ဖြင့်ကောက်ရိုးမှို လက်တွေ့သရုပ်ပြစိုက်ပျိုးခြင်း အခမ်းအနားကို ဇွန်လ  ၁၃  ရက် နံနက်  ၈ နာရီက ပြုလုပ်သည်။

ကျောင်းကုန်းမြို့၌ ကျောင်းစာကြည့်တိုက်စီမံခန့်ခွဲမှု အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းစာကြည့်တိုက်စီမံခန့်ခွဲမှု အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ဇွန် ၁၄ ရက်နေ့နံနက် ၉း၃၀ နာရီ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

မြောင်းမြမြို့တွင် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလားအသက် (၂၂) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလားအသက် (၂၂) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၃) နာရီအချိန်က မြို့မအားကစားကွင်း၌ ကျင်းပခဲ့သည်။

မြောင်းမြမြို့တွင် ရက် (၁၀၀) စီမံချက်ဖြင့် မျက်စိကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ကျောင်းကျန်းမာရေးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် မျက်စိကျန်းမာရေးစစ်ဆေးခြင်းကို ဇွန်လ (၁၅) ရက်နေ့ နံနက် (၉း၃၀) နာရီ အချိန်က အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး