အိမ်မဲမြို့ အ-မ-က (ချောင်းဝ) တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် တိုင်ရင်းဆေးဖြင့်ဆေးကုသ

အိမ်မဲ ဇွန် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ-မ-က(ချောင်းဝ) ကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးကုဌာနတို့မှပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် တိုင်းရင်းဆေးဖြင့် ဆေးကုသပေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က စာပေဖတ်ရှုခြင်းအကျိုး၊ လူငယ်နှင့်အောင်မြင်မှုအကြောင်းတို့ကိုလည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဦးစီးမှူး ဒေါ်ဖြိုးသန္တာအောင်က ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း၊ မိုးရာသီတွင်ဖြစ်ပွားတက်သော ရောဂါများအကြောင်းတို့ကိုလည်းကောင်း အသီးသီးအကျယ်တဝင့် ပြောကြားခဲ့သည်။

ဆက်လက်၍ စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများ ကျင်းပပေးပြီး စာအုပ်စာစောင်များ အသိပညာပေး နံရံကပ်စာစောင်များကို ပြသခြင်း၊ မသန်စွမ်းသူများ၏အခွင့်အရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ အဆိုပါကျောင်းမှ ကျောင်းသား/သူများ ဆရာ၊ ဆရာများအား တိုင်းရင်းဆေးဖြင့် ဆေးကုသပေးခြင်း၊ သောက်ဆေး၊ လိမ်းဆေးပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ချစ်သက်လယ်(ပြန်/ဆက်)