မြန်အောင် ဇွန် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ယမန်နေ့နံနက်က စာပေချစ်မြတ်နိုးသူများ BookClub အဖွဲ့မှ စာဖတ်ဝိုင်းကျင်းပပြုလုပ်သည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်စာရေးဆရာအသင်းနာယက ဦးသန်းညွှန့်(ဇင်မင်း-သမိန်ထော)က သုတရသစာပေအကြောင်း ဆွေးနွေးပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက စာကြည့်တိုက်များ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများအား ရှင်းလင်းပြောကြားပြီး မြို့နယ်ပြန်/ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထွန်းက မြို့နယ်ပြန်/ဆက်ဦးစီးဌာန၏ စာကြည့်တိုက်လုပ်ငန်းများ၊ အသိပညာဗဟုသုတတိုးပွားရေးဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် တက်ရောက်ကြသည့် မြို့နယ်စာရေးဆရာအသင်းဝင်များ၊ စာပေချစ်မြတ်နိုးသူများက စာပေရေးသားရေး၊ စာကြည့်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပြုဆွေးနွေးခဲ့ကြပြီး စာဖတ်ရှိန်မြှင့်တင်ရေး၊ စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေး ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
ဝင်းဗိုလ်(ပြန်/ဆက်)