ဧရာဝတီတိုင်းဒေသကြီး

သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ မြန်အောင်တွင်ဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့တွင် မြန်အောင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဦးဆောင်မှုဖြင့် ယနေ့နံနက်က မြန်အောင်နေခြည်‌ဈေးရှေ့၌ သဘာဝ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ စုပေါင်းဖြန့်ဝေပေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှ အခမ်းအနားမှူး သင်တန်း(၁/၂၀၂၆)ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှ ဦးစီးဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်း (၁/၂၀၂၆)ကို ယနေ့ နေ့လယ်ပိုင်းက ပုသိမ်မြို့ ကိုးသိန်းအားကစားခန်းမ၌ ပြုလုပ်ခဲ့သည်။

တတိယအကြိမ်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (အဋ္ဌမနေ့)ကျင်းပ

တတိယအကြိမ်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (အဋ္ဌမနေ့)ကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ပုသိမ်မြို့နယ်အတွင်း အမှိုက်သိမ်းဆည်းခြင်းနှင့် အမှိုက်ပုံစီမံခန့်ခွဲခြင်းလုပ်ငန်းများအတွက် စီမံလျာထားမှုများအား ရှင်းလင်းတင်ပြသည့် အစည်းအဝေးတက်ရောက်

ပုသိမ်မြို့နယ်အတွင်း အမှိုက်သိမ်းဆည်းခြင်းနှင့် အမှိုက်ပုံစီမံခန့်ခွဲခြင်းလုပ်ငန်းများအတွက် စီမံလျာထားမှုများအား ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ဇွန်လ(၁၄) ရက်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ကုမ္ပဏီမှတာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။

အိမ်မဲမြို့နယ် အ-ထ-က(ခွဲ) ခလောက်သိုက်တွင် လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ခလောက်သိုက်ကျေးရွာ၊ အ-ထ-က(ခွဲ) ခလောက်သိုက်ကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၁) နာရီအချိန်က ကျင်းပခဲ့သည်။

ရက်(၁၀၀)စီမံချက်ဖြင့် မြန်အောင်၌ ပျားမွေးမြူရေး ပြည်သူ့ပညာပေးသင်တန်းဖွင့်လှစ်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြန်အောင်ခရိုင် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့်ပျားမွေးမြူရေး ပြည်သူ့ပညာပေးသင်တန်းကို ယနေ့နံနက်က ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ဖွင့်လှစ်ရာ မြန်အောင်ခရိုင်/မြို့နယ် စိုက်ပျိုးထုတ် လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်းသူများတက်‌ရောက်ကြသည်။

ဖျာပုံမြို့နယ်တွင်သီးသန့်မီးသတ်တပ် ဖွဲ့ဝင်များ အကြိုအခြေခံ မီးသတ်ပညာ သင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်မြို့နယ်မီးသတ်ဦးစီးမှူးရုံး၊ အစည်းအဝေး ခန်းမတွင် ယနေ့ နံနက်(၉)နာရီအချိန်က သီးသန့် မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံ မီးသတ်ပညာသင်တန်းအမှတ် စဥ် (၄/၂၀၂၆)အား ဖွင့်လှစ်သည်။

ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ဖြင့် ကွန်ကရစ်လမ်းခင်း ခြင်းလုပ် ငန်းအားကွင်းဆင်း စစ်ဆေး

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကညင်ကွင်းကျေးရွာအုပ်စု၊ ဝါးရုံစုကျေးရွာ၌ ၂၀၂၆-၂ဝ၂၇ ခု၊ ဘဏ္ဍာရေးနှစ်  ရက် ၁ဝဝ စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသောကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ဖြင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအားတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

မြောင်းမြမြို့တွင်  မိုးရွာသွန်းမှုကြောင့်လဲပြိုသည့် အန္တရာယ်ရှိသစ်ပင်များ ရှင်းလင်းဖယ်ရှား

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင်မိုးရွာသွန်းပြီးမြေပျော့မှုကြောင့် လုံးပတ် ၁၅ပေ၊ အမြင့် ၄၀ ပေခန့်ရှိသည့် ညောင်ပင်သည်လမ်းမပေါ်သို့လဲကျပြီးလမ်းပိတ်ဆို့ခဲ့ရာ အများပြည်သူများ သွားလာမှုမခက် ခဲစေရေးနှင့် အန္တရာယ်မဖြစ်စေရေးတို့အတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ကြီးကြပ်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ယမန်နေ့နံနက်ပိုင်းတွင် ကံကော်မြိုင်ရပ်ကွက်နှင့် စမ်းချောက်ကုလားကုန်းကျေးရွာတို့တွင် လဲကျသစ်ပင်များအား ခုတ်ထွင်ရှင်းလင်း ဖယ်ရှားခဲ့ ကြောင်းသိရသည်။

ဖျာပုံမြို့နယ်၌ ၂၀၂၆ ခုနှစ် ခရိုင်အဆင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင်ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ၏လမ်းညွှန်မှုဖြင့် ဖျာပုံမြို့နယ်သစ်တောဦးစီးဌာန ၊ဦးစီးအရာရှိ ဦးသိန်းကိုနှင့်ဝန် ထမ်းများမှဦးဆောင်၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရန်၊ ရာသီဥတုမျှတပြီး အပူချိန်ထိန်း ညှိပေးရန်၊ သစ်တောသယံဇာတ ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုး ကွဲများအား ထိန်းသိမ်းရန်နှင့် သစ်တောထိန်းသိမ်းရေး လုပ်ငန်းများတွင် ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင် လာစေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ် ခရိုင်အဆင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန်လ ၁၅ ရက်နေ့ နံနက် (၈)နာရီအချိန်က ဖျာပုံမြို့နယ်၊ သလိပ်ကြီးကျေးရွာ၊ ဖျာပုံ-ကျိုက်လတ်ကား လမ်းမကြီးဘေး တွင်ကျင်းပ စိုက်ပျိုးခဲ့ကြသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး