ဖျာပုံမြို့၌ သီနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်

ဖျာပုံ ဇွန် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အသးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး အိမ်တွင်းတစ်ပိုင်တစ်နိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရန်နှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းအဖြစ် သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို ယနေ့နံနက်ပိုင်းအချိန်က ဖျာပုံခရိုင်ရုံး Community Centre ခန်းမ၌ ကျင်းပသည်။
အဆိုပါသီနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲတွင် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းအေးက အဖွင့်အမှာစကားပြောကြားပြီး ဖျာပုံခရိုင်အ​သေးစားစက်မှုလက်မှုလုပ်ငန်းလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လတ်လတ်ဝင်းက သီနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားကြသည်။ ထို့နောက် ဖျာပုံခရိုင်အ​သေးစားစက်မှုလက်မှုလုပ်ငန်း လုပ်ငန်းဦးစီးဌာန၊ ဦးစီးအရာရှိ  ဒေါ်ခင်နှင်းယုက သင်္ဘောသီးယို၊ နာနတ်ယိုနှင့် နာနတ်ဖျော်ရည်၊ ခရမ်းချဉ်သီးယို၊ မကျီးဖျော်ရည်၊ သံပုရာဖျော်ရည်၊ ဇီးယို၊ ဂျယ်လီ အစိုအခြောက်စသော ယိုအမျိုးမျိုးပြုလုပ်နည်းများကို သင်ကြားပို့ချပေးရာ မြို့နယ်အတွင်းရှိ သင်တန်းသား၊ သင်တန်းသူ (၁၅)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှ ဇွန်လ (၁၅) ရက်နေ့မှ ဇွန်လ (၂၁) ရက်နေ့အထိ စာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
အဆိုပါသင်တန်းသို့ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ ဖျာပုံခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်း လုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူ(၄၀)ဦးကျော် တက်ရောက်ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်