ဘိုကလေးမြို့နယ်တွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံ မီးသတ်ပညာသင်တန်း ဖွင့်လှစ်ပို့ချလျက်ရှိ

ဘိုကလေး ဇွန် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ဇွန်လ (၁၅) ရက်နေ့မှ စတင်၍ ဇွန် (၁၉) ရက်နေ့ထိ (၅) ရက်တာ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ် (၄/၂၆) ဖွင့်လှစ်ပို့ချလျက်ရှိသည်။

အဆိုပါသင်တန်းအား မြို့နယ်မီးသတ်ဦးစီးဌာနမှ ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းနည်းပြအဖြစ် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးထွန်းအောင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက အခြေခံမီးသတ်ပညာများ ပို့ချလျက်ရှိကြောင်း၊ သင်တန်းအား သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များဖြစ်ကြသည့် မြို့နယ်တွင်းရှိ စက်သုံးဆီဆိုင်များမှဝန်ထမ်း (၂၀) ဦး၊ စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးဝန်ထမ်း (၁၀) ဦး၊  စုစုပေါင်း သင်တန်းသား (၃၀) ဦး တက်ရောက်ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)