လေးမျက်နှာ ဇူလိုင် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ် (world rural development day) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို လေးမျက်နှာ မြို့နယ် အမှတ်(၁)ရပ်ကွက် ဘိုးရာဇာလမ်းတွင် သစ်ပင်သစ်တောများ စိမ်းလန်းစိုပြေရေး၊ သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန်၊ သစ်ပင်သစ်တောများမှ ရာသီဥတုအပူဒဏ်ကိုကာကွယ်ပေးနိုင်သည့်တန်ဖိုးကို နားလည်ချစ်မြတ်နိုးတတ်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်သစ်တောဦးစီးအရာရှိမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းချို၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်နှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးယဥ်မင်းဦးတို့အား ပျိုးပင်များဖြန့်ဝေပေးခဲ့ပြီး သစ်တောစိုက်ခင်းများ ထူထောင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေ၍ ဒေသအပူချိန် လျှော့ချနိုင်စေရန်နှင့် ဂေဟစနစ်ပြုပြင် ထိန်းသိမ်းဆောင်ရွက်နိုင်ပြီး သဘာဝဘေးအန္တရာယ်များကျရောက်ခြင်းမှ ကာကွယ်နိုင်ရန်အတွက်အခမ်းနားသို့ တက်ရောက်လာကြသောဌာနာဆိုင်ရာအကြီးအကဲများနှင့်အတူစုပေါင်းစိုက်ပျိုးခဲ့သည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းချို၊ မြို့နယ်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်နှင့် ဝန်ထမ်းများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီး ဌာနမှဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ ပူးပေါင်းပါဝင်စိုက် ပျိူးခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)