ကန်ကြီးထောင့် ဇူလိုင် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြိးထောင့်မြို့နယ်၌ ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဝါးဒူးကျေးရွာအုပ်စု၊ အနောက်စုကြီးကျေးရွာတွင် ကျင်းပခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေး မှူးဦးအောင်ဆန်းချို၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သဥ္ဇာညွှန့်နှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက တက်ရောက်ကြကာ ကျေးရွာနေပြည်သူများအား ပျိုးပင်များပေးအပ်ခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ၊ ကျောင်းသား/သူများနှင့် ကျေးရွာနေပြည်သူများက မန်ဂျန်းရှား (၂၀၀)ပင်အား ပျော်ရွင်စွာစုပေါင်းစိုက်ပျိုးခဲ့ကြ ကြောင်းသိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)