ဖျာပုံ ဇူလိုင် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးတာဝန်ခံ အင်ဂျင်နီယာချုပ် (မြို့ပြ)ဦးကျော်ကျော်ထွေးသည် ယမန်နေ့နေလယ်ပိုင်းအချိန်က ခရိုင်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနရုံးတွင် ခရိုင်နှင့်မြို့နယ်ဝန်ထမ်းများနှင့်တွေ့ဆုံ၍ (၂၀၂၆-၂၀၂၇) ဘဏ္ဍာရေးနှစ်မှ (၂၀၃၀-၂၀၃၁) ဘဏ္ဍာရေးနှစ်အထိ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်မည့် စီမံချက်နှင့် ဝန်ကြီးဌာန၏ ရည်မှန်းချက်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးတာဝန်ခံ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေးသည် မြို့နယ်အလိုက် စီမံချက်ရေးဆွဲထားမှုများအပေါ် စိစစ်သုံးသပ်လမ်းညွှန်မှုများ ဆောင်ရွက်ခဲ့ပြီး ဌာနမှနည်းပညာပံ့ပိုးမှုဖြင့် သစ်သားကြမ်းခင်းတံတားမှ ကွန်ကရစ် ကြမ်းခင်းတံတားအဖြစ် အလှူရှင်မှ လှူဒါန်းပြုပြင်တည်ဆောက်မည့် ဖျာပုံမြို့နယ် ကျုံကဒွန်း ကျေးရွာ ရွာလယ်တံတားသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး တံတားအလှူရှင်နှင့် ကျေးရွာတာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ဌာနမှကူညီဆောင်ရွက်ပေးရမည့် နည်းပညာဆိုင်ရာ အကူအညီများအားချိတ်ဆက်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်