တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအေးကျော် ညောင်တုန်းမြို့၊ ရဲမာန်ဟုန်လမ်းထိပ်ရှိ "We Love Nyaungdon" အလှဆိုင်းဘုတ်ဖွင့်ပွဲအခမ်းအနား တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအေးကျော်သည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ လျှပ်စစ်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော်၊ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦးတို့ လိုက်ပါလျက် ဇူလိုင်လ ၂၃ ရက်၊ နံနက်ပိုင်းက မအူပင်ခရိုင်၊ ညောင်တုန်းမြို့၊အမှတ်(၇)ရပ်ကွက်၊ ရဲမာန်ဟုန်လမ်းထိပ်ရှိ "We Love Nyaungdon" အလှဆိုင်းဘုတ်ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ လျှပ်စစ်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီးနှင့် အလှဆိုင်းဘုတ် မတည်အလှူရှင်တို့က ဆိုင်ဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်၍ အမွှေး နံသာရည်များ ပတ်ဖြန်းသည်။