ဧရာဝတီတိုင်းဒေသကြီး

ငပုတောမြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေ (၈)ဘီလီယံအစီအစဥ်ဖြင့် ချေးငွေပေးအပ်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေ(၈) ဘီလီယံအစီအစဥ်ဖြင့် စီမံကိန်းလုပ်ငန်းရှင်များအား ချေးငွေပေးအပ်သည့် အခမ်းအနားကို အောက်တိုဘာ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောင်းကုန်းမြို့၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီအတွင်း မိုးစပါးစိုက်ဧက (၁၁၈၀၁၆)ဧကစိုက်ပျိုးလျက်ရှိရာ သစ်ဆိမ့်ကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၃၇၄)၊ ဦးပိုင်အမှတ်(၂၈၇)၊ တောင်သူ ဦးသန်းဦး၏ လယ်မြေ (၅)ဧက၌ အောက်တိုဘာ ၂၄ ရက်နေ့ နံနက် ၉ နာရီခန့်က စံကွက်ရိတ်သိမ်းခဲ့သည်။

ကြံခင်းမြို့နယ် (အ.မ.က) မြို့မမြောက်ကျောင်းရှိ ကျောင်းသား/သူများ အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်စေရန် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် (အ.မ.က) မြို့မမြောက်ကျောင်းရှိ ကျောင်းသား/သူများ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးလုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ အောက်တိုဘာ ၂၃ ရက်နေ့၊ နေ့လယ်ပိုင်းက အဆိုပါကျောင်းရှေ့တွင် ဆောင်ရွက်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း တောင်သူများအား ဓာတ်မြေဩဇာများ တိုက်ရိုက်သက်သာစွာ ဖြန့်ဖြူးနိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဓာတ်မြေဩဇာကုမ္ပဏီများ စာချုပ်ချုပ်ဆိုပွဲအခမ်းအနား တက်ရောက်

တောင်သူများအား ဓာတ်မြေဩဇာများ တိုက်ရိုက်သက်သာစွာ ဖြန့်ဖြူးနိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဓာတ်မြေဩဇာ ကုမ္ပဏီများ စာချုပ်ချုပ်ဆိုပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီး သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စာတမ်းဖတ်ပွဲနှင့် မွေးမြူရေးလုပ်ငန်းသုံးဆေးဝါးနှင့် အစာပြပွဲအခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စာတမ်းဖတ်ပွဲနှင့် မွေးမြူရေးလုပ်ငန်းသုံးဆေးဝါးနှင့် အစာပြပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝ်ရှိသူများနှင့် အတူ တက်ရောက်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ရေကြည်မြို့နယ်၊ သရက်ပင်လှကျေးရွာ စံနီကမ်းနား တံတားဖွင့်ပွဲအခမ်းအနား တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ သရက်ပင်လှကျေးရွာရှိ မတည်အလှူရှင်နှင့် ဒေသခံပြည်သူလူထုတို့ ပူးပေါင်း၍ ကိုယ်ထူကိုယ်ထဖြင့် တံတားအရှည် ပေ(၃၂၀)၊ အကျယ်(၁၀)ပေ စံနီကမ်းနား သစ်သားတံတားအသစ် ပြန်လည်တည်ဆောက်ခြင်း တံတားဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါတံတား၏ မုခ်ဦးရှေ့တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ငါးသိုင်းချောင်းမြို့၌ အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာသူများအား ဆန်နှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ ထောက်ပံ့

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အိမ်ထောင်စုတစ်စုလျှင် ဆန် (၁) အိတ်နှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ငါးသိုင်းချောင်းမြို့၊ အမျိုးသားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပိုးသတ်ဆေး စနစ်တကျကိုင်တွယ်သုံးစွဲရေး နည်းပညာပေးဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် တံခွန်တိုင်အုပ်စု၊ တံခွန်တိုင်ကျေးရွာ နည်းပညာပြန့်ပွားရေးစင်တာ၌ ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပိုးသတ်ဆေး စနစ်တကျကိုင်တွယ်သုံးစွဲရေး နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ဗုဒ္ဓတစ်ထောင် အကောက်တောင်မုခ်ဦးဖွင့်ပွဲအခမ်းအနားအားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ဗုဒ္ဓတစ်ထောင်အကောက်တောင်မုခ်ဦး ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၃ ရက်နေ့ နံနက်ပိုင်းက အဆိုပါမုခ်ဦးရှေ့တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ် ပေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြန်အောင်ခရိုင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လက်စွဲမျိုးစေ့ချကိရိယာ (Drum-Seeder)၊ ဆီထွက်သီးနှံ (ဆောင်းနေကြာ)မျိုးစေ့များပေးအပ်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အစိုးရအဖွဲ့ဝန်ကြီးများသည် ယနေ့နံနက်က မြန်အောင်မြို့ အောင်ဇေယျခန်းမတွင် မြန်အောင်ခရိုင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လက်စွဲမျိုးစေ့ချကိရိယာ (Drum-Seeder)၊ ဆီထွက်သီးနှံ (ဆောင်းနေကြာ)မျိုးစေ့များပေးအပ်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ဆိုလာမီးများပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေးသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး