ချောင်းသာမြို့အခြေခံပညာမူလတန်းကျောင်းတွင် KG ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေး
၂၀၂၆–၂၀၂၇ ပညာသင်နှစ်အတွက် KG ကျောင်းသား၊ ကျောင်းသူများ ကျန်းမာသန်စွမ်းစွာ ကြီးထွားဖွံ့ဖြိုးစေရေးနှင့် သင်ယူမှုအရည်အသွေး မြင့်မားစေရန်ရည်ရွယ်၍ အာဟာရကျွေးမွေးခြင်းအစီအစဉ်ကို ယနေ့နံနက်ပိုင်းက ချောင်းသာမြို့ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။