ညောင်တုန်းမြို့နယ်၌ ဓာတ်မြေဩဇာလျှော့ချသုံးစွဲရေးအတွက် သဘာဝမြေဩဇာပြုလုပ်သုံးစွဲခြင်း သရုပ်ပြပွဲပြုလုပ်

ညောင်တုန်း ဇူလိုင် ၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဓာတ်မြေဩဇာလျှော့ချသုံးစွဲရေးအတွက် သဘာဝမြေဩဇာပြုလုပ်သုံးစွဲခြင်း သရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ဆားမလောက် ကျေးရွာအုပ်စု၊ နည်းပညာပြန့်ပွားရေးစင်တာ၌ ပြုလုပ်သည်။

သရုပ်ပြပွဲတွင် မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ဦးအောင်သော်မြင့်က ဓာတ်မြေဩဇာလျှော့ချသုံးစွဲရေးနှင့် သဘာဝမြေဩဇာပြုလုပ်သုံးစွဲခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများမှ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲခြင်း သရုပ်ပြဆောင်ရွက်ရာ ဒေသခံတောင်သူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)