ဧရာဝတီတိုင်းဒေသကြီး

ဒေးဒရဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာ(အ.ထ.က(ခွဲ))၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရေး လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတများတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်များ ထက်မြက်လာစေရန်၊ စဥ်းစားတွေးခေါ်မှုစွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ်ကျင့်တရား ကောင်းမွန်သည့် လူတော်၊ လူကောင်းများ ပေါ်ထွက်လာစေရန်  ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ဇူလိုင်လ ၇ ရက်နေ့နံနက် (၉) နာရီက ​​ဇီးဖြူကုန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအားရွေ့လျားဆေး ကုသယာဉ်(MMU)ဖြင့် ဆေးကုသခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ကျောက်မှော်ကျေးရွာရှိ Aqua King Group Company Limitedမှ အလုပ်သမားများအား မြောင်းမြမြို့နယ် လူမှုဖူလုံရေးရုံးမှရွေ့လျားဆေးကုသယာဉ်(Mobile Medical Unit) ဖြင့်ကွင်းဆင်း၍ ဆေးကုသပေးခြင်းများကို ယနေ့နံနက်ပိုင်းမှ စတင်ဆောင်ရွက်ခဲ့သည်။

ဘိုကလေးမြို့နယ်တွင် စာသင်ကျောင်းအခြေပြု သဘာဝဘေးအသိပညာပေး ဟောပြောပွဲဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမတွင် ယနေ့နံနက်(၁၀)နာရီ အချိန်က စာသင်ကျောင်း အခြေပြုသဘာဝဘေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်သည်။

ရွှေသောင်ယံမြို့တွင် ရက်(၁၀၀)စီမံချက်အရ ကျောင်းသား၊ကျောင်းသူများအား မျက်စိ ကျန်းမာရေးစစ်ဆေးပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ် (၃)ရပ်ကွက် အ.မ.က (၁၃၀)ဂျိုင်ကြီးကျောင်းတွင်  ယနေ့ နေ့လည်ပိုင်းက ရက် (၁၀၀)စီမံချက်အရ ကျောင်းသား၊ ကျောင်းသူများအား မျက်စိကျန်းမာရေးစစ်ဆေးပေးခြင်းကို ရွှေသောင်ယံမြို့ ကျန်းမာရေး ဌာနခွဲရှိ ကျန်းမာရေးဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ကန်ကြီးထောင့်မြို့နယ်၌ အသက် (၂၃) နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက် (၂၃) နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ ၇ ရက်နေ့နံနက်ပိုင်းက မြို့နယ်အားကစားခန်းမ၌ ကျင်းပရာမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြိုန့ယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစားသမားများ၊ ပြည်သူများ တက်ရောက်ခဲ့ကြသည်။

သာပေါင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးလုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ (၂၀၂၆-၂၀၂၇)ပညာသင်နှစ်၊ ကျောင်းကျန်းမာရေး လုပ်ငန်းများကို အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း )၌ ဇူလိုင်လ ၉ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ သမဝါယမကဏ္ဍဖွံ့ဖြိုးရေး တောင်သူများနှင့်တွေ့ဆုံပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာရှိ ဘက်စုံသုံးခန်းမ၌ သမဝါယမကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စနစ်ကျသောစိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့အကောင်အထည်ဖော်နိုင်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲကို ဇူလိုင်လ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။

ကျိုက်လတ်မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးနှင့် အသိပညာဗဟုသုတများတိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်အသိပညာပေး ဟောပြောပွဲ နှင့်နံရံကပ်စာစောင်ပြပွဲကို ဇူလိုင်လ(၈)ရက်၊ နံနက် (၁၀)နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ငွေဆောင်မြို့၊ အ.ထ.က(ခွဲ) သဇင်စာသင်ကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ သဇင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သဇင်၌ ပညာသင်ကြားခဲ့ပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ် သာသနာ့ဗိမာန်တော်ကြီးတွင် အခြေခံစားသောက်ကုန်များကို သက်သာသောစျေးနှုန်းဖြင့် ဆက်လက်ရောင်းချ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် သာသနာ့ဗိမာန်တော်ကြီးတွင် အခြေခံစားသောက်ကုန်များကို ယနေ့နံနက် (၈)နာရီတွင် ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး