ဧရာဝတီတိုင်းဒေသကြီး

မအူပင်မြို့၌ ဆန်စပါး လုပ်ငန်းရှင်များအား MyRo မှတ်ပုံတင်ဆောင်ရွက်ရန် ကိစ္စနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ဆန်စပါးလုပ်ငန်းရှင်များအား MyRo မှတ်ပုံတင်ဆောင်ရွက်ရန်ကိစ္စနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေး ခန်းမတွင်ကျင်းပပြုလုပ်သည်။

လေးမျက်နှာမြို့နယ်တွင် တောင်သူနည်းပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ စာရေးကွင်းကျေးရွာအုပ်စု၌ ယနေ့နံနက်ပိုင်းက တောင်သူနည်းပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

ဒေးဒရဲမြို့နယ်မှ မြိတ်မြို့သို့  ဧည့်မထဆန်များ တင်ပို့နေခြင်းအား ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်သည် ဆန်စပါးအား အဓိကစိုက်ပျိုးထုတ်လုပ်ပြီး အခြားတိုင်းဒေသကြီးသို့ ဆန်စပါးတင်ပို့ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉) နာရီက ဒေးဒရဲမြို့နယ် ဘုရားကလေးကွင်းကျေးရွာမှ မြိတ်မြို့သို့ ဧည့်မထဆန်များ တင်ပို့လျက်ရှိသည့်လုပ်ငန်းများအား မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဟိုင်းကြီးကျွန်းမြို့၊ အ.လ.က(ခွဲ) ဟိုင်းကြီးရွာသစ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျောင်းအုပ်ဆရာကြီး တံခွန်စိုက်ဖလားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ အ.လ.က(ခွဲ) ဟိုင်းကြီးရွာသစ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ကျောင်းသား/ ကျောင်းသူများ ကိုယ်ကာယကြံ့ခိုင်သန်စွမ်း၍ အားကစားထူးချွန်သော ကျောင်းသား/ကျောင်းသူများဖြစ်လာစေရန်ရည်ရွယ်၍ ကျောင်းအုပ်ဆရာကြီးတံခွန်စိုက်ဖလား ဘောလုံးပြိုင်ပွဲကျင်းပခဲ့ရာ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ(၄)နာရီအချိန်က အ.လ.က(ခွဲ) ဟိုင်းကြီးရွာသစ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျောင်းဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ၂၀၂၅ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်

၂၀၂၅ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက  ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများ၊ ဘောလုံးအားကစားဝါသနာရှင် ပြည်သူများတက်ရောက်ခဲ့ကြသည်။

ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အခမ်းအနားမှူးသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက အခမ်းအနားမှူးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

ကြံခင်းမြို့၊ ထားဝယ်ကြီးကျောင်းတိုက်အတွင်း ဆောက်လုပ်လှူဒါန်းထားသော သုတဓမ္မစာကြည့်တိုက်အား အလှူရှင်မိသားစုမှ ရေစက်ချအလှူတော်မင်္ဂလာကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်ရှိ ထားဝယ်ကြီးကျောင်းတိုက်အတွင်း ဆောက်လုပ်လှူဒါန်းထားသည့် သုတဓမ္မစာကြည့်တိုက်အား ယမန်နေ့က အလှူရှင် မိသားစုမှ ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကျင်းပခဲ့သည်။

အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာတွင် မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ရွာသစ်ကျေးရွာ အ-ထ-က (ရွာသစ်) ပညာရတနာခန်းမတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးဆောင်ကျင်းပသည့် မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာအသိပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဆက်လက်ကျင်းပခဲ့သည်။

ဖျာပုံခရိုင်ရွေးကောက်ပွဲဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်ရွေးကောက်ပွဲဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲကို ယမန်နေ့နေ့လယ်ပိုင်းအချိန်က ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ (၂၆) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဥ် ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့် ပြိုင်ပွဲအခမ်းအနားကို  ဩဂုတ်လ(၂၄)ရက်နေ့နံနက် (၁၀) နာရီအချိန်က အထွေထွေအုပ်ချုပ်ဦးစီးဌာန မော်ဧရာခန်းမတွင် ကျင်းပခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး