လေးမျက်နှာမြို့နယ်တွင် တောင်သူနည်းပညာပေးဟောပြောပွဲကျင်းပ

လေးမျက်နှာ ဩဂုတ် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ စာရေးကွင်းကျေးရွာအုပ်စု၌ ယနေ့နံနက်ပိုင်းက တောင်သူနည်းပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

ဦးစွာ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦး‌ကျော်မိုးထွန်းတို့က မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်‌စေ‌ရေး၊ သီးနှံစိုက်စွမ်းအား မြှင့်တင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် စိုက်ပျိုးသီးနှံများတွင် ကျရောက်တတ်သော ပိုးမွှားရောဂါကာကွယ်နှိမ်းနှင်းခြင်းဆိုင်ရာ နည်းလမ်းများကို အသိပညာပေးပြောကြားခဲ့သည်။ ဆက်လက်၍ ဒေသခံတောင်သူများက သိလိုသည်များကိုမေးမြန်းခဲ့ရာ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦး‌ကျော်မိုးထွန်းတို့က ရှင်းလင်းဖြေကြားခဲ့သည်။

အဆိုပါဟောပြောပွဲသို့ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦး‌ကျော်မိုးထွန်းနှင့်ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မိုးသက်ကို (ပြန်/ဆက်)