မော်လမြိုင်ကျွန်းမြို့နယ်၌ (၂၆) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲကျင်းပ

မော်လမြိုင်ကျွန်း ဩဂုတ် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဥ် ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့် ပြိုင်ပွဲအခမ်းအနားကို  ဩဂုတ်လ(၂၄)ရက်နေ့နံနက် (၁၀) နာရီအချိန်က အထွေထွေအုပ်ချုပ်ဦးစီးဌာန မော်ဧရာခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ပြိုင်ပွဲဝင်စည်းကမ်းချက်များနှင့်ပတ်သက်၍ အကဲဖြတ်ဒိုင် တာဝန်ရှိသူကရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် အစီအစဥ်များ အတိုင်းလက်ဆက်ဆောင်ရွက်ရာ ဝါသနာရှင် အဆိုတော်များ၊ အခြေခံပညာကျောင်းများမှ ကျောင်းသူလေးများ၏ ကဗျာလွတ်အကများ၊ တစ်ကိုယ်တော်အကများ၊ ပတ္တလား တစ်ကိုယ်တော်အတီးများ စသည့် အဆို၊ အက၊ အရေး၊ အတီးများဖြင့် ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ် ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်၊ အဖွဲ့ဝင် ဗိုလ်မှူး မင်းလွင်၊ အတွင်းရေးမှူး ရဲမှူးမိုးစိန်နှင့် အဖွဲ့ဝင် ဒေါ်မာမာစန်းတို့က ဆုရရှိသည့် ပြိုင်ပွဲဝင်များအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး ဒိုင်အဖွဲ့များအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးနေမင်းထက်၊ အဖွဲ့ဝင် ဦးစောဝဏ္ဏ၊ အဖွဲ့ဝင် ဦးတင်လှိုင်နှင့် အမျိုးသမီးရေး ရာအဖွဲ့ဝင် ဒေါ်မေဖူးအောင်တို့က ဂုဏ်ပြုဆုငွေ အသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ရဲကိုမောင်(ပြန်/ဆက်)