ကြံခင်းမြို့၊ ထားဝယ်ကြီးကျောင်းတိုက်အတွင်း ဆောက်လုပ်လှူဒါန်းထားသော သုတဓမ္မစာကြည့်တိုက်အား အလှူရှင်မိသားစုမှ ရေစက်ချအလှူတော်မင်္ဂလာကျင်းပ

ကြံခင်း ဩဂုတ် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်ရှိ ထားဝယ်ကြီးကျောင်းတိုက်အတွင်း ဆောက်လုပ်လှူဒါန်းထားသည့် သုတဓမ္မစာကြည့်တိုက်အား ယမန်နေ့က အလှူရှင် မိသားစုမှ ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကျင်းပခဲ့သည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ထားဝယ်ကြီးကျောင်းတိုက် ဦးစီးပဓာနဆရာတော် ဦးပညာသာမိထံမှ အလှူရှင်မိသားစုနှင့် ဧည့်ပရိတ်သတ်များက ငါးပါသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ သုတဓမ္မစာကြည့်တိုက် ကော်မတီဥက္ကဋ္ဌ ဦးအေးငြိမ်းက အလှူရှင်တိုင်းရင်း​ဆေးပညာဦးစီးဌာန(ငြိမ်း) ဒေါက်တာသိန်းဆွေနှင့် အလှူရှင်မိသားစုများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီး၊ အလှူရှင်မိသားစုမှ ကြံခင်းမြို့ရှိ မြတ်ဒါန(အခမဲ့)စေတနာဆေးခန်း၊ လူမှုရေးအသင်းအဖွဲ့များအား အလှူငွေများလှူဒါန်းကြကာ လူမှုရေးအသင်းအဖွဲ့များက ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပြန်လည်ပေးအပ်ကြသည်။ ထို့နောက် ဆရာတော် ဦးပညာသာမိထံမှ အနုမောဒနာ တရားနာယူကြကာ လှူဒါန်းမှူအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။ 

အဆိုပါ သုတဓမ္မစာကြည့်တိုက်သည် အလျား ၂၀ ပေ၊ အနံ ၃၀ ပေ RC တစ်ထပ် အဆောက် အဦဖြစ်ပြီး ဓမ္မစကူးလ် ကျောင်းသား၊ ကျောင်းသူများနှင့် ရပ်ကွက်အတွင်းရှိ စာပေဝါသနာရှင်များ လာရောက်ဖတ်ရှုလျက်ရှိကြောင်း ထားဝယ်ကြီးကျောင်းတိုက် ဆရာတော်ထံမှ သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)