ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အခမ်းအနားမှူးသင်တန်းဖွင့်လှစ်

ညောင်တုန်း ဩဂုတ် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက အခမ်းအနားမှူးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

အခမ်းအနားတွင် မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက အဖွင့်အမှာစကား၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်တင်တင်လှိုင်က အခမ်းအနားမှူးသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး သင်းတန်းကို စတင်ဖွင့်လှစ်သင်ကြားခဲ့သည်။

အဆိုပါအခမ်းအနားမှူးသင်တန်းကို သင်တန်းသား(၂၅)ဦးတက်ရောက်ခဲ့ပြီး သင်တန်းအား ဩဂုတ်လ (၂၅)ရက်နေ့မှ (၂၆)အထိ ၂ရက်တာ စာတွေ့၊ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)