ဟိုင်းကြီးကျွန်း သြဂုတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ အ.လ.က(ခွဲ) ဟိုင်းကြီးရွာသစ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ကျောင်းသား/ ကျောင်းသူများ ကိုယ်ကာယကြံ့ခိုင်သန်စွမ်း၍ အားကစားထူးချွန်သော ကျောင်းသား/ကျောင်းသူများဖြစ်လာစေရန်ရည်ရွယ်၍ ကျောင်းအုပ်ဆရာကြီးတံခွန်စိုက်ဖလား ဘောလုံးပြိုင်ပွဲကျင်းပခဲ့ရာ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ(၄)နာရီအချိန်က အ.လ.က(ခွဲ) ဟိုင်းကြီးရွာသစ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျောင်းဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီးတံခွန်စိုက်ဖလား ဘောလုံးပြိုင်ပွဲ၌ ချန်ပီယံဆုရရှိသော မူလတန်းအသင်း၊ အမျိုးသမီး(အဖြူ)အသင်းနှင့် ပူးတွဲချန်ပီယံဆုရရှိသော (အဖြူနှင့်အနီ) အမျိုးသားအသင်းများအား အ.လ.က(ခွဲ) ဟိုင်းကြီးရွာသစ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ကျောင်းအုပ်ဆရာကြီး ဦးနေလင်းအောင်မှ ချန်ပီယံဒိုင်းဆုနှင့် ဂုဏ်ပြုဆုတံဆိပ်များ၊ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ဒုတိယဆုနှင့် တတိယဆုရရှိသောအသင်းများအား ကျောင်းတာဝန်ရှိသူများမှ ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုပေးများ ချီးမြှင့်ဂုဏ်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းအုပ်ဆရာကြီး တံခွန်စိုက်ဖလား ဘောလုံးပြိုင်ပွဲအား သြဂုတ်လ (၂၁)ရက်နေ့မှ (၂၅)ရက်နေ့အထိ ကျင်းပယှဥ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတစ်လျောက် အကောင်းဆုံး ရှေ့၊ လယ်၊ နောက်၊ ဂိုးသမားဆုများနှင့် အသန့်ရှင်းဆုံးကစားသမားဆုများကိုပါ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
လှိုင်မျိုးအောင်(ပြန်/ဆက်)