ဖျာပုံ ဩဂုတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်ရွေးကောက်ပွဲဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲကို ယမန်နေ့နေ့လယ်ပိုင်းအချိန်က ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဖျာပုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန့်ဇင်လတ်က အဖွင့်အမှာစကားပြောကြားပြီး ဖျာပုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်လင်းဦးက ဖျာပုံခရိုင်အနေဖြင့် ၂၀၂၅ ခုနှစ်၊ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နေရာများ ရွေးကောက်ခံကိုယ်စားလှယ်နေရာရရှိမှု အခြေအနေနှင့် ရွေးကောက်ပွဲကျင်းပဆောင်ရွက်မည့်အခြေအနေများ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် မဲပေးဆောင်ရွက်မည့်အခြေအနေများနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားပြီးနောက် သင်တန်းသို့တက်ရောက်လာကြသူများ၏ သိရှိလိုသည့် ဆွေးနွေးမေးမြန်းမှုများအပေါ် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက ပြန်လည်ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)